Biz Astro View  > Traditional
Search : Week : Month : Years :          
06/20/2022

နက္ခတ်ဗေဒင် ရထြောင့်ူမင်ကငြ်း (၂၀.၆.၂၀၂၂ မြ ၂၆.၆.၂၀၂၂ အထိ)



ကောဇာဂြိုဟ်အနေအထား


တနင်္ဂနွေဟာ မေထုန်ရာသီမှာ တည်နေပြီး အင်္ဂါက ၂၇ ရက်နေ့မှာ ရာဟုရှိရာ မိဿရာသီကို ကူးပြောင်းမယ်။ ဗုဒ္ဓဟူးက ပြိဿရာသီမှာ ရာသီသခင် သောကြာနဲ့အတူ ပူးယှဉ်မယ်။ ကြာသပတေးက မိန်ရာသီမှာ တည်နေပြီး စနေက ကုမ်ရာသီမှာ နောက်ပြန် (ဝကြ) သွားရင်း ရပ်တည်နေတယ်။


ဂြိုဟ်အမြင်အယှဉ်နှင့် ဈေးကွက်ခန့်မှန်းချက်


ကောဇာစနေဟာ ကုမ်ရာသီမှာ အသွားမမှန်ဘဲ နောက်ပြန်လှည့်နေတယ်။ စနေဂြိုဟ် အသွားမမှန်တဲ့ကာလမှာ အစာရေစာ ရှားပါးမှုတွေ၊ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်တတ်တယ်လို့ ရှေးနက္ခတ်ကျမ်းတွေမှာ ဖော်ပြထားတယ်။ အနောက်တိုင်းဗေဒင်အရတော့ စနေဂြိုဟ် နောက်ပြန်လှည့်နေချိန်မှာ ရေရှည်ရည်မှန်းချက်တွေကို ပြန်သုံးသပ် ဆန်းစစ်ဖို့ မှာထားပြီး အလုပ်တွေကို ရှေ့တိုး လုပ်တာထက် Review လုပ်တာ ပိုကောင်းမယ်လို့ ညွှန်ပါတယ်။


ဒီအပတ် ဈေးကွက်တွေကို ခန့်မှန်းရရင်တော့ ပဲမျိုးစုံဟာ အရောင်းကျပ်ပြီး ဈေးဆက်ကောင်းနိုင်ခြေ ရှိတယ်။ ဒါပေမဲ့ ဈေးဆွဲချခံရတာမျိုးလည်း ဖြစ်နိုင်လို့ သတိထားရောင်းဝယ်သင့်တယ်။ ဆန်စပါးကတော့ ဈေးနည်းနည်း ပြန်အေးတတ်ပြီး အရောင်းပိုသာလာနိုင်တယ်။ ရွှေဈေးက အနည်းငယ် အေးနိုင်ပြီး ငွေဈေးကတော့ မာနေမယ်။


နေ့သားအလိုက်အဟောများ


တနင်္ဂနွေသားသမီးတွေက အလုပ်တွေ ပိုများလာတာ၊ တစ်ခုပြီးတစ်ခု ဆက်တိုက် လုပ်ရတာတွေ ဖြစ်လာနိုင်လို့ လူပင်ပန်းစိတ်ပင်ပန်းရလိမ့်မယ်။ လုပ်ငန်းခွင်မှာလည်း စိတ်သောက ရောက်စရာတွေ ကြုံရမယ်။ အတိုက်အခံ၊ အပြိုင်အဆိုင်တွေ ပေါများလာနိုင်တယ်။ ငွေကြေးပိုင်းမှာလည်း စိတ်ညစ်စရာ များမယ်။


တနင်္လာသားသမီးတွေက အပင်ပန်းခံသလောက် အကျိုးရှိမယ့်ကာလ ဖြစ်တယ်။ အလုပ်အကိုင် အခွင့်အလမ်း ပေါ်လာမယ်။ အခွင့်ထူး ခံစားရလိမ့်မယ်။ ကိုယ့်ကို နေရာပေး၊ အသိအမှတ်ပြု အရေးတယူ ဖြစ်လာပြီး ငွေကံပါ ပွင့်လန်းလာမယ်။ ဒါပေမယ့် အကြီးအကဲတွေနဲ့ ဆက်ဆံရေး အဆင်မပြေ ဖြစ်တတ်တယ်။


အင်္ဂါသားသမီးတွေက အလုပ်အကိုင်ကံတွေ မြင့်မားလာမယ်။ လုပ်ခွင့်သာလာပြီး အခွင့်အာဏာ တိုးလာမယ်။ အလုပ်သစ်၊ စီးပွားသစ် တိုးချဲ့ကြည့်နိုင်တယ်။ အောင်မြင်မှုလည်း ရလွယ်မယ်။ နေရာဌာန အပြောင်းအရွှေ့မျိုး ပေါ်လာတတ်တယ်။ မသွားချင်တာ သွားရနိုင်တယ်။ ငွေကြေးကံတော့ ကောင်းလိမ့်မယ်။


ဗုဒ္ဓဟူးသားသမီးတွေက ရည်ရွယ်တာနဲ့ ဖြစ်လာတာတွေ တခြားစီ ကြုံရမယ်။ အလုပ်တွေက ဟိုနေရာမှာလည်း အဆင်မပြေ၊ ဒီနေရာမှာလည်း အဆင်မချောနဲ့ ဖြစ်နေမယ်။ အစုရှယ်ယာအလုပ်တွေ ပျက်တတ်တယ်။ အလုပ် ကံဇာတာ အားနည်းနေမယ်။ အဆက်အသွယ်ကောင်းတော့ ရမယ်။ ငွေအဝင် နည်းမယ်။


ကြာသပတေးသားသမီးတွေက လုပ်ချင်တာ လုပ်ခွင့်မရသေးဘဲ ရှိတာလေးနဲ့ ထိန်းလုပ်နေရမယ်။ အလုပ်တစ်ခု မက ပေါ်လာတတ်တယ်။ အလုပ်တွေ မျိုးစုံ လျှောက်လုပ်ရတတ်ပြီး အကျိုးအမြတ်ကျတော့ နည်းပါးလိမ့်မယ်။ ကောလာဟလတွေကြောင့် အလုပ်ထိခိုက်တတ်တယ်။ ငွေကြေးကိစ္စ စိတ်ရှုပ်စရာများမယ်။


သောကြာသားသမီးတွေက အလုပ်နဲ့ပတ်သက်လို စိတ်အိုက်ရတာတွေ ဖြစ်တတ်ပေမယ့် ဝင်ငွေတော့ တိုးမယ်။ ရစရာပေးစရာတွေ ပြေလည်မယ်။ အပြောအဆို အငြင်းအခုံလေးတွေတော့ လုပ်ရလိမ့်မယ်။ အလုပ်တစ်ခုမက ယှဉ်တွဲ လုပ်ရကိန်း ရှိတယ်။ စိတ်ထဲ ဘဝင်မကျတာ၊ စိတ်ပျက်ရတာတွေ များနေမယ်။


စနေသားသမီးတွေက နေရာကောင်း ရောက်တတ်တယ်။ လုပ်ပိုင်ခွင့်တွေ၊ အခွင့်ထူးတွေ လက်ထဲ ရောက်မယ်။ ဒါပေမယ့် အလုပ်နဲ့ပတ်သက်လို့ အားမလိုအားမရ ဖြစ်မယ်။ ပင်ပန်းရတာတွေ များမယ်။ အလုပ်ကိစ္စ ခရီးတွေပါ ပျက်တတ်တယ်။ မိန်းမအနှောင့်အယှက် ရှိတတ်တယ်။ ငွေကြေး ခက်ခဲသွားတတ်တယ်။


ဒီအပတ် ရက်ကောင်းရက်မြတ်


တနင်္လာနေ့ဟာ ပြဿဒါး ဖြစ်လို့ အရေးကြီးကိစ္စ၊ မင်္ဂလာကိစ္စတွေ ရှောင်ရမယ်။ အင်္ဂါနေ့ဟာ ရက်ရာဇာ ဖြစ်ပြီး ဝါရမိတ္တုကြီး ခံနေလို့ အဆိုးထဲက အကောင်း ကြုံရနိုင်တယ်။ ဗုဒ္ဓဟူးနေ့က ဝါရမိတ္တုငယ် ဖြစ်လို့ အသွားအလာ သတိပြုရမယ်။ မင်္ဂလာကိစ္စ ရှောင်အပ်တယ်။ ကြာသပတေးနေ့ဟာ ရက်ရာဇာနေ့ ဖြစ်တယ်။ သောကြာနဲ့ စနေ နေ့တွေက သာမန်ရက်တွေ ဖြစ်ပြီး တနင်္ဂနွေနေ့က ပြဿဒါးနဲ့ နဂါးပေါ်ရက် ဆုံလို့ ရှောင်ရမယ်။